စာမေးပွဲ အထူးလမ်းညွှန်ပွဲများ
JLPT / NAT-TEST စာမေးပွဲဖြေဆိုရန် အထူးဆုတောင်းပွဲနှင့် အောင်ချက်မြင့်မားရေး လမ်းညွှန်ပွဲများ။
ကျောင်းသားဟောင်းများ၏ အောင်မြင်မှုစကားသံများနှင့် လှုပ်ရှားမှုများ
Sekai Ichi နှင့်အတူ ဂျပန်စာအိပ်မက်ကို အကောင်အထည်ဖော်ပြီး ဂျပန်နိုင်ငံသို့ တရားဝင် ရောက်ရှိသွားကြသော ကျောင်းသား/သူများ၏ ရင်တွင်းစကားသံများ။
“Sekai Ichi ကို ရွေးဖြစ်တာက စိတ်အေးလက်အေး စာသင်ချင်လို့ပါ။ အိမ်နဲ့လည်း နီးတယ်၊ Review တွေကလည်း ကောင်းနေတော့ လာတက်ဖြစ်တာပါ။ ဆရာ/ဆရာမတွေက အသင်အပြ တော်ကြပါတယ်။ အကြိုက်ဆုံးက စာသင်ခန်း ပတ်ဝန်းကျင် အရမ်းအေးချမ်းပြီး စာထဲ အာရုံစိုက်လို့ ကောင်းတာပါ။”
“ဒီကျောင်းရဲ့ ထူးခြားချက်က Mock Test (စမ်းသပ်စာမေးပွဲ) တွေကို အကြိမ်ကြိမ် ပေးဖြေတာပါပဲ။ ဒါကြောင့် တကယ် စာမေးပွဲခန်းထဲ ရောက်တဲ့အခါ အချိန်ကို ကောင်းကောင်း စီမံနိုင်ပြီး JFT ကို တစ်ကြိမ်တည်းနဲ့ အောင်ခဲ့တာပါ။ စာသင်ခန်း ပတ်ဝန်းကျင်ကလည်း အရမ်းအေးချမ်းပါတယ်။”
“သန်လျင် Sekai Ichi မှာ N5 ကနေ N4 အထိ တစိုက်မတ်မတ် တက်ခဲ့တာပါ။ ဆရာ/မတွေက စာမေးပွဲတင်မကဘဲ ဂျပန်အလုပ်အင်တာဗျူး အောင်ဖို့အထိ အနီးကပ် လေ့ကျင့်ပေးခဲ့တာကြောင့် အခုဆို စကားပြောတွေပါ ကောင်းမွန်လာပြီး ဂျပန်မှာ စိတ်အေးလက်အေး လုပ်ကိုင်နေရပါပြီ။”
စာသင်ခန်းထဲက အသိပညာတင်မကဘဲ ကျောင်းတွင်းလှုပ်ရှားမှုများအဖြစ် ခရီးတိုများအဖွဲ့လိုက်ပို့ဆောင်ပေးခြင်း ဟင်းချက်ကျွေးခြင်းအပါအဝင် ပျော်ရွှင်စရာလှုပ်ရှားမှုများကို အခါအားလျော်စွာပြုလုပ်ပေးပါသည်။
JLPT / NAT-TEST စာမေးပွဲဖြေဆိုရန် အထူးဆုတောင်းပွဲနှင့် အောင်ချက်မြင့်မားရေး လမ်းညွှန်ပွဲများ။
ဂျပန်လူမျိုးများနှင့် တိုက်ရိုက် စကားပြောဆို လေ့ကျင့်သည့် အထူး Kaiwa Classes များ။
ဂျပန်ရိုးရာ ယဉ်ကျေးမှုနှင့် အလုပ်ခွင်စည်းကမ်းများ (Business Manners) မျှဝေခြင်း ကဏ္ဍများ။